(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
==========================================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များ အရ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းကမ်းခြေနှင့် ဩရိဿတောင်ပိုင်းကမ်းခြေတို့ကို ကာလင်ဂါပတ္တနမ် (Kalingapatnam)မြို့နှင့် ဂိုလ်ပါပူ(Gopalpur)မြို့တို့အကြားမှ ဖြတ်ကျော်ဝင်ရောက် လျက်ရှိသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ဂူးလက်ပ် (GULAB)”သည် အနောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ အားကောင်းသောကုန်းတွင်း မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ အားလျော့သွားခဲ့ပြီးဖြစ်သည်။ အဆိုပါအားကောင်းသော ကုန်းတွင်းမုန်တိုင်းငယ်(Deep Depression)သည် အနောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားကာ၊ နောက်(၆)နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ်(Depression)အဖြစ်သို့ အားလျော့သွား မည်ဟုခန့်မှန်းရသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိနေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ။ (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်အောက်။
ရေပြင်လေ။ တောင်(သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင်(၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)မှ (၃၅)မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ (၅)ပေမှ (၉)ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ။ (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်အောက်။
ရေပြင်လေ။ အရှေ့(သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင်(၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)မှ (၃၅)မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ (၅)ပေမှ (၉)ပေခန့်။
Crd>>>မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


