နေပြည်တော်   ၁  စက်တင်ဘာ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၁၀ နာရီခွဲ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံ‌လေ အားအသင့်အတင့် ရှိနေပါသည်။

ရန်ကုန်မှ တနင်္သာရီ ကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း မိုးလေဝသခန့်မှန်းချက်မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ အမြင်တာမှာ (၄)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်ရှိမည်။ ရေပြင်လေသည် တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၅-၂၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၄၀)။  လှိုင်းအ‌ခြေအနေမှာ လှိုင်းကြီးမည်။  လှိုင်းအမြင့်မှာ (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်သည်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း မိုးလေဝသ ခန့်မှန်းချက်မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်ပါသည်။ အမြင်တာမှာ (၄)မိုင်၊ မိုးရွာစဉ် မိုင်ဝက်အောက် ရှိမည်။ ရေပြင်လေသည် တောင် (သို့) အနောက်တောင်၊ တစ်နာရီ ပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)မှ (၃၅)မိုင် ရှိနိုင်သည်။ လှိုင်းအ‌ခြေအနေမှာ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး  လှိုင်းအမြင့်မှာ (၅)ပေမှ (၈)ပေခန့် ရှိနိုင်သည်။

MDN