ပါရီ ဇန်နဝါရီ ၇

 

ပြင်သစ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆိုင်ရာ ကျန်းမာရေးလက်မှတ်ထုတ်ပေးရေး ဥပဒေအား ဇန်နဝါရီ ၁၅ ရက်တွင် အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြင်သစ်ဝန်ကြီးချုပ် ယွန်ကားတက်စ်က ယနေ့ပြောကြားသည်။

 

အကျိုးရှိလာမည်

လက်ရှိအချိန်တွင် အဆိုပါလက်မှတ်ထုတ်ပေးရေးဆိုင်ရာ ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါ ဥပဒေအား အတည်ပြုခဲ့ပါက ပြင်သစ်အစိုးရအတွက်သာမက နိုင်ငံနှင့် ပြည်သူတစ်ရပ်လုံးအတွက်ပါ အကျိုးရှိလာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ယွန်ကားတက်စ်က ပြောကြားသည်။

 

အဆိုပါ ဥပဒေအား အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် လက်ရှိအချိန်တွင် ဆီးနိတ်လွှတ်တော်သို့ တင်ပြထားရာ၌ လာမည့်သီတင်းပတ်တွင် တာဝန်ရှိသူများက အဆုံးအဖြတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆိုင်ရာ ကျန်းမာရေးလက်မှတ်ထုတ်ပေးခြင်းခံရသူ များသည် ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးနောက် လေးလအကြာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်း ထိုးနှံမှုခံယူပြီးသူများ ဖြစ်ရမည်ဖြစ်သည်။ ပြင်သစ်နိုင်ငံ၌ ယမန်နေ့က စံချိန်တင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအဖြစ် ၃၃၂၂၅၂ ဦး ရောဂါကူးစက်ခံရကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-စိုးသူရ