၄ နိုဝင်ဘာ

 

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှ လန်ဒန်မြို့သို့ ခရီးသွားနေစဉ် ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့မှုကြောင့် ၃၃ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ထိုမတော်တဆမှုကို ပြင်သစ်အာဏာပိုင်များက စုံစမ်းစစ်ဆေးနေကြောင်း ဖော်ပြထားသည်။

 

ပြင်သစ်နိုင်ငံမြောက်ပိုင်း Amiens မြို့အနီး အမြန်လမ်းမကြီးအထွက်၌ ယမန်နေ့မနက် ၁၁ နာရီဝန်းကျင်တွင် ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုယာဉ်တိမ်းမှောက်မှုကြောင့် လေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံအာဏာပိုင်များက ဆိုသည်။

 

အဆိုပါ ဒဏ်ရာရသူများမှာ နိုင်ငံပေါင်း ရှစ်နိုင်ငံမှ ဖြစ်ကြောင်းနှင့် ထိုထဲတွင် ဂျပန်နိုင်ငံသားတစ်ဦးပါဝင်ကြောင်း ပြင်သစ်နိုင်ငံရှိ ဂျပန်သံရုံးက ပြောကြားခဲ့သည်။

 

ထိုဘတ်စ်ကားကို ဂျာမနီနိုင်ငံတွင် ဌာနချုပ်ရုံးစိုက်သော FlixBus က ကုန်ကျစရိတ် သက်သာစွာဖြင့်  ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို