၂၉ အောက်တိုဘာ

 

 

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဗလီတစ်လုံး၌ လက်ယာယိမ်း အမျိုးသားပါတီနှင့် ဆက်စပ်နေသည့် အမျိုးသားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူနှစ်ဦး ထိခိုက်ခဲ့သဖြင့် ယင်း သံသယရှိသူကို ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

 

 

ယမန်နေ့က ဘရွန်နီမြို့ရှိ  ဗလီကျောင်းဝင်ပေါက်ကို မီးရှို့နေသည့် လူတစ်ဦးကို တားဆီးရန် ကြိုးစားသော အသက်-၇၀ နှစ်အရွယ် အမျိုးသားနှစ်ဦး ပစ်ခတ်ခံခဲ့ရကြောင်းနှင့် ထိုနှစ်ဦးလုံး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း Pyrenees-Atlantiques ဒေသတာဝန်ရှိသူများက ဆိုသည်။

 

 

ရဲတပ်ဖွဲ့က အသက် ၈၄ နှစ်အရွယ် ကလော့ဒီ စင်ကီ ကို ၎င်းနေအိမ်တွင်  ယမန်နေ့ နှောင်းပိုင်းက ဖမ်းဆီးခဲ့သည်။

 

 

စင်ကီသည် ၂၀၁၅ ခုနှစ် ဒေသရွေးကောက်ပွဲတွင် လက်ယာယိမ်းအမျိုးသားပါတီ ကိုယ်စားလှယ်လောင်း တစ်ဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။ ပြီးနောက် ထိုလက်ယာယိမ်း အမျိုးသားပါတီသည် လူမျိုးရေးနှင့် ပတ်သက်၍ သဘောထားပြင်းထန်သော နိုင်ငံရေးပါတီအဖြစ် လူသိများလာခဲ့သည်။

 

 

ရဲတပ်ဖွဲ့က စင်ကီ ထိုသို့ပစ်ခတ်ခဲ့သည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ဖော်ပြထားသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို