ပြင်ဦးလွင် အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဆု ယှဉ်ပြိုင်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။
အမှာစကားပြောကြား
ဦးစွာ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးက အမှာစကား ပြောကြားပြီး ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ငြိမ်းချမ်းက အာဆီယံ ဆေးလိပ်ငွေ့ကင်းစင်ဆု ယှဉ်ပြိုင်နိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ Power Point ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ပြင်ဦးလွင်မြို့နယ် မြို့မိမြို့ဖ အဖွဲ့များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက အာဆီယံဆေးလိပ်ငွေ့ ကင်းစင်ဆု ယှဉ်ပြိုင်နိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


