မန္တလေး  ၂၃  စက်တင်ဘာ


ပြင်ဦးလွင်မြို့ မြို့ဝင်/ထွက် နေရာများ၊ မြို့ရှောင်လမ်းနှင့် လားရှိုး-ပြင်ဦးလွင်ကားလမ်းတို့တွင် တားစီးစစ်ဆေးမှုများ ဆောင်ရွက်ရာ ယာဉ်နှင့်သက်ဆိုင်သော အထောက်အထားများ ပြသနိုင်ခြင်းမရှိသည့် တရားမဝင်တင်သွင်းလာသော မော်တော်ယာဉ်များနှင့် သက်တမ်းလွန် မော်တော်ယာဉ်များ စုစုပေါင်း ၁၈ စီး ဖမ်းဆီးရမိကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။


လိုင်စင်မဲ့ မော်တော်ယာဉ်များအား မြန်မာနိုင်ငံသို့  တရားမဝင်တင်သွင်းလျှက်ရှိရာ နယ်စပ်ဝင်ပေါက်ဖြစ်သော  မူဆယ်မြို့မှတစ်ဆင့် လားရှိုး၊ ပြင်ဦးလွင်နှင့် မန္တလေးမြို့များသို့ တရားမဝင်မော်တော်ယာဉ်များ တင်သွင်းလျှက်ရှိကြောင်း သတင်းရရှိသဖြင့် စစ်ဆေးရာ တရားမဝင် မော်တော်ယာဉ်များ စုစုပေါင်း ၁၈ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ မြို့ဝင်/ထွက် နေရာများ၊ မြို့ရှောင်လမ်းနှင့် လားရှိုး-ပြင်ဦးလွင် ကားလမ်းတို့တွင် တားစီးစစ်ဆေးမှုများ ဆောင်ရွက်ရာ ယာဉ်နှင့်သက်ဆိုင်သော အထောက်အထားများ ပြသနိုင်ခြင်းမရှိသည့် တရားမဝင်တင်သွင်းလာသော မော်တော်ယာဉ်များနှင့် သက်တမ်းလွန် မော်တော်ယာဉ်များ စုစုပေါင်း ၁၈ စီး ဖမ်းဆီးရမိကြောင်း သိရသည်။


အဆိုပါဖမ်းဆီးရမိသည့် မော်တော်ယာဉ်များအား သက်ဆိုင်ရာမြို့မရဲစခန်းသို့ အပ်နှံကာ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တရားလိုပြုလုပ်တိုင်တန်းကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


အိမို့မို့ခိုင်
Photo- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့