မော်လူး ၂၆ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ပင်ဝဲဘူတာနှင့် မော်လူးဘူတာကြားတွင် အောက်တိုဘာ ၂၅ ရက်နေ့က အမျိုးသားတစ်ဦး ရထားကြိတ်သေဆုံးခဲ့ကြောင်း သိရသည် ။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၅ မွန်းလွဲ ၂ နာရီအချိန်ခန့်က မော်လူးနယ်မြေစခန်းမှူး ရဲအုပ်လင်းအောင် တာဝန်ဆောင်ရွက်နေစဉ် ဖားပန့်ရွာနှင့် မော်လူးဘူတာကြား မီးရထားပေါ်မှပြုတ်ကျ၍ ဒဏ်ရာရရှိထားသည့် လူနာမော်လူးဆေးရုံသို့ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ဒဏ်ရာရလူနာမှာ ကျော်သူ ၃၄ နှစ် ဖြစ်ပြီး ၎င်း၏ဒူးဆစ်အောက်ပိုင်း ခြေထောက်နှစ်ဖက်မှာ ဒဏ်ရာရရှိ သေဆုံးခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်ကြောင့် မော်လူးနယ်မြေ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၇/၂၀၁၉ ဖြင့် ရေးဖွင့်ဆောင်ရွက်ထားကြောင်း သိရသည် ။
နီတိုး


