နေပြည်တော်  ၁၅  မတ် 

 

ပညာရေးဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်း တာဝန်များ ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ နည်းပညာ သင်တန်းအမှတ်စဉ်(၁/၂၀၁၉) အတွေ့အကြုံ၊ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး အဖွဲ့ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များရှင်းလင်းခြင်း၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်းက အဂတိလိုက်စားမှု အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေ ဆန်းစစ်လေ့လာခြင်း၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က တိုင်ကြားစာများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် အရေးယူဆောင်ရွက်ခြင်း၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက ဝန်ကြီးဌာန၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့မှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး ခြင်းတို့ကို ရှင်းလင်းပြောကြားကြသည်။ 

 

MDN