ပြည် ၁၉ ဖေဖော်ဝါရီ
ပြည်မြို့ ပြည်သာယာရပ်ကွက်တွင် ယနေ့နံနက် ၃ နာရီ ၄၅ မိနစ်ခန့်က ဝါယာရှော့ဖြစ်ကာ မီးလောင် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြည်မြို့ ပြည်သာယာရပ်ကွက်၊ ပြည် - အောင်လံကားလမ်းဘေးရှိ မောင်သိန်း ၏ ဆိုင်ကယ်ပြင်ဆိုင်အတွင်းရှိ ပြင်ထားသည့်ဆိုင်ကယ် သော့ဖွင့်ထားခဲ့ရာမှ အပူလွန်ကဲ၍ ဘက်ထရီ ဝါယာရှော့ဖြစ်ကာ ပြင်လက်စဆိုင်ကယ်များနှင့် ဓာတ်ဆီ၊ အင်ဂျင်ဝိုင်တို့အား မီးကူးစက်လောင်ကျွမ်းရာမှ တစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး ၎င်း၏ဆိုင်အနီးရှိ ဆိုင်ခန်း လေးခန်းနှင့် ဆိုင်ကယ် အရောင်းဆိုင်မှ ဆိုင်ကယ်များမီးလောင်ဆုံးရှုံးခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
မီးလောင်ရာသို့ မီးသတ်ယာဉ်(၂၁)စီးဖြင့် ခရိုင်မီးသတ် ဦးစီးမှူး ဦးဆောင်သော သန္ဓေနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် ပြည်သူများက ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၄၅ အချိန်တွင် မီးငြိမ်းခဲ့သည်။
မီးလောင်မှုကြောင့် ၁၀ ပေ x ပေ ၂၀ သွပ်မိုး/အုတ်ကာ ဆိုင်ခန်း(၅)ခန်းနှင့် နံရံအဖီဆွဲ /သွပ်မိုး ဖုန်းဆိုင်(၁)ဆိုင် ၊ ဆိုင်ကယ်အသစ် ၃၇ စီး ၊ ဆိုင်ကယ်ပြင်ဆိုင်မှ ဆိုင်ကယ်အဟောင်း ၁၆ စီး မီးလောင် ဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာနရုံးမှသိရသည်။
MDN


