နေပြည်တော် ၁၃ မတ်
ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်သည် UNICEF မှ Ms. Alison Rhodes နှင့် ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-12) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် UNICEF အနေဖြင့် ဆောင်ရွက်နေသော မြန်မာနိုင်ငံရှိ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်တင်မှုလုပ်ငန်းများ၊ ကလေးသူငယ် အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး လုပ်ငန်းများတွင် ပိုမိုကောင်းမွန်သော နည်းလမ်းများဖြင့် အကူအညီပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်သည့် ဥပဒေရေးရာကိစ္စရပ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)


