နေပြည်တော် ၂၂ ဖေဖော်ဝါရီ
ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ကိုရီးယား သမ္မတနိုင်ငံ၊ ကိုရီးယား - မြန်မာ လွှတ်တော်များအကြား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr. Kim Jaewon ဦးဆောင်သည့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင် (I-5) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ကိုရီးယား - မြန်မာ လွှတ်တော်များအကြား ချစ်ကြည်ရေးပိုမို ခိုင်မြဲစေရန်အတွက် နှစ်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များ အပြန်အလှန် ခရီးစဉ်ကိစ္စ၊ ကိုရီးယား၏ စီးပွားရေးတိုးတက် ပြောင်းလဲမှု၌ ခေတ်မီနည်းပညာများ အရေးကြီးပုံ၊ ကိုရီးယားကျွန်းဆွယ်၌ ငြိမ်းချမ်းရေး ရရှိနိုင်ရန်အတွက် တောင်ကိုရီးယားအစိုးရ၏ ကြိုးပမ်းမှု၊ တောင်ကိုရီးယား လွှတ်တော်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ၏ ကဏ္ဍကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


