နေပြည်တော် ၁၄ မတ်
ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းသည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံအမတ်ကြီး H.E. Ms. AndreaFaulkner နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂နာရီတွင် လွှတ်တော်ရေးရာဆောင် (I-5)၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် သြစတြေးလျ နှစ်နိုင်ငံရှည်လျားပြီး ကောင်းမွန်သည့် ဆက်ဆံရေး၊ နှစ်နိုင်ငံလွှတ်တော်ကိုယ်စားလှယ်များ ချစ်ကြည်ရေးခရီးစဉ်များ၊ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေး၊ UNDP မှတစ်ဆင့် သြစတြေးလျနိုင်ငံက ပြည်ထောင်စုလွှတ်တော်ကို ပေးအပ်သည့် အကူအညီများ၏ ထိရောက်မှု၊ AVIS မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ အကူအညီပေးရေး အစီအစဉ်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း သိရသည်။
(သတင်းစဉ်)


