နေပြည်တော်  ၁၃   မတ် 

 

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် Elite City Investment ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများအား ယနေ့မွန်းလွဲ  ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ်(I-9)အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် Elite City Investment  ကုမ္ပဏီလီမိတက်သည်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သည့် Power China Company နှင့် ပူပေါင်း၍ မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတကာအဆင့်မီ မန္တလေး - ပုဂံ အမြန်ရထားလမ်းသစ် (Express Standard Gauge Railway) ကို BOT (သို့မဟုတ်) PPP စနစ်ဖြင့် အဆင့်မြှင့်တင်ဖောက်လုပ်ခွင့်ရရန်နှင့် မန္တလေး - နေပြည်တော် - ပဲခူး - ရန်ကုန် အဝေးပြေးလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် ကော်မတီမှတာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။

 

(သတင်းစဉ်)

 

01