နေပြည်တော် ၁၁ မတ်
ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်သည် ပေါင်မြို့နယ်၊ ဆင်ရွာကျေးရွာ၊ ရှမ်းကုန်းကျေးရွာနှင့် ကော့မံဖယ်ကျေးရွာတို့မှ တောင်သူ(၈)ဦးအား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပေါင်မြို့နယ်၊ ဆင်ရွာကျေးရွာ၊ ရှမ်းကုန်းကျေးရွာနှင့် ကော့မံဖယ်ကျေးရွာ တို့မှ သိမ်းဆည်းခံရသည့် လယ်ယျာမြေများနှင့်စပ်လျဉ်း၍ တောင်သူများ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ၊ ပြဿနာများနှင့်စပ်လျဉ်းသည့် တင်ပြဆွေးနွေးမှုအပေါ် ကော်မတီမှတာဝန်ရှိသူ များက သိရှိလိုသည်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


