နေပြည်တော်  ဇူလိုင် ၂၀

           

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။

           

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ မရှိခဏဓမ္မရောင်ခြည်ကျောင်းတိုက်သို့လည်းကောင်း၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ဝါဆိုဦးကျောင်းတိုက်သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ အုတ်ကန်တောရ စာသင်တိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ပဏ္ဍိတအောင်မြေကျောင်းတိုက် သို့လည်းကောင်း၊ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ဟော်တော်ကျောင်းတိုက်သို့ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်ရှိ ရွာလယ်ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)