ရန်ကုန် အောက်တိုဘာ ၂၁
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယမန်နေ့က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝန်ထမ်းများအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးများ မဆုံးရှုံးစေရေးနှင့် မိမိနေထိုင်သည့်မြို့နယ်မှ သက်ဆိုင်ရာ ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ သွားရောက်ပြီး မိမိတို့၏ မဲစာရင်း ကျန်ရှိမှုမရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံ့သားကောင်းများ ပီသစွာဖြင့် တစ်ဦးမကျန် သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်မဲပေးကြရန် လိုအပ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများ၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်းရှိ ရိုးရာအိမ်များနှင့် ဆောင်ရွက် လျက်ရှိသည့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးကာ ဒုတိယ ဝန်ကြီးက ဝန်ထမ်းများ စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်) ဝင်ငွေ ပိုမိုတိုးတက်ရရှိရေး ကြိုးပမ်းဆောင်ရွက်သွား ကြရန် မှာကြားသည်။
ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မူလခန့်မှန်း လျာထားငွေအပေါ် အောက်တိုဘာ ၁၉ ရက်အထိ ကောက်ခံငွေရရှိမှုသည် ၈၉ ဒသမ ၂၅ ရာခိုင်နှုန်းရှိ သည့်အတွက် ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


