နေပြည်တော်  ၁၂  မတ် 

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့သို့ လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် လာရောက်လေ့လာ ကြသည့် သက်ဆိုင်ရာ မဲဆန္ဒနယ်မှ ပြည်သူများ စုစုပေါင်း (၃၁၆) ဦး တက်ရောက်ခဲ့သည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စတင်ကျင်းပသည့် ရက်မှ ယနေ့အထိ လွှတ်တော်သို့ လာရောက်လေ့လာသူပေါင်း (၄၉၈၅၉)ဦး ရှိကြောင်း၊ လွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့ လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ (၃) ရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)