နေပြည်တော်  ၁၂  မတ် 
    

 

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဗြိတိန်နိုင်ငံမှဥပဒေပညာရှင် Sir Jeff- reyJowell QC အား ယနေ့ညနေ ၄ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။
    

 

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဥပဒေရေးရာနှင့် တရားစီရင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးညီလာခံကို ၂၀၁၈ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့ပြီး အဆိုပါညီလာခံမှရရှိသည့် အကြံပြုချက်များ၊ ဆွေးနွေးမှုရလဒ်များအပေါ် အခြေပြုရေးဆွဲခဲ့သည့် “ပြည်သူ့အတွက် တရားမျှ တမှု”  မဟာဗျူဟာစီမံကိန်း(၂၀၁၉-၂၀၂၃) အကောင်အထည် ဖော်ဆောင်ရွက်နေမှုများ၊ တရား ဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့်အဖွဲ့ခွဲများ၏ လုပ်ငန်းများ၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီအက် ဥပဒေပြင်ဆင်ဆောင်ရွက်နေမှုနှင့် တရားစီရင်ရေးကဏ္ဍတိုးတက်ကောင်းမွန်ရေးအတွက် ရှေ့နေများ၏ အခန်းကဏ္ဍ၊ UNDP နှင့် IDLO တို့၏ တရားဥပဒေစိုးမိုးရေးစင်တာများမှ ဥပဒေအသိပညာပေးလုပ်ငန်းများ၊ MyJusticeနှင့် IBJ တို့၏ ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးလုပ်ငန်းများတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 


 (သတင်းစဉ်)