နေပြည်တော် အောက်တိုဘာ ၁၈

ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ သည့် စစ်ကိုင်းမြို့ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အောက်ရှိ ရုံးအဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှုကို ယနေ့ မွန်းလွဲပိုင်းတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် သည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စစ်ကိုင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၌ ဝန်ကြီးဌာနအောက်ရှိ မြန်မာ့စီးပွားရေး ဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာ့အာမခံ လုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ငွေရေးကြေးရေး နှင့် အခွန်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်သူကို ဝန်ဆောင်မှုပေးနေသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့်ဝန်ကြီးဌာန တစ်ခုဖြစ်ကြောင်း။

 

ငလျင်ကြောင့် ရုံးဌာနများ ထိခိုက်ပျက်စီးခဲ့သော်လည်း ဝန်ထမ်းများအနေဖြင့် ရုံးပြန်လည်ပြုပြင် တည်ဆောက်မှုလုပ်ငန်းများကြားမှ ရုံးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးစားဆောင်ရွက် လျက်ရှိသည့်အတွက် အသိအမှတ်ပြုပါကြောင်း၊ လုပ်ငန်းတိုးတက်မှုအရှိန်ကို ဆက်လက်ထိန်းသိမ်း ၍ လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါ ကြောင်း၊ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သောရုံးအဆောက်အအုံများကို အမြန်ဆုံး အရည်အသွေး ပြည့်ဝစွာ ပြန်လည်ပြင်ဆင်ကြရန်လိုအပ်ကြောင်း၊ ဆက်လက်၍လည်းရုံးလုပ်ငန်းများကို အရှိန် အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်း မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ပြင်ဆင်နေမှု အခြေ အနေ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးခရိုင်ဘဏ်ခွဲ ပျက်စီးမှုနှင့် ပြန်လည်တည်ဆောက်မှု အခြေအနေ တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်