ရန်ကုန် ၁၀ မတ်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ရေးရာ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာ့ရေးရာလေ့လာရေးအဖွဲ့မှ အကြီးတန်းသုတေသနမှူး ဦးအေးမောင်ကျော်က ကမ္ဘာ့ရေးရာစာအုပ်နှင့် ပတ်သက်၍ မိတ်ဆက်အမှာစကားပြောကြားပြီး အကြီးတန်းသုတေသနမှူး ဆရာဦးဇေယျက မြန်မာ့ရေးရာလေ့လာရေးအဖွဲ့၏ လုပ်ငန်းဆောင်တာများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် စာပေပညာရှင်များနှင့် သတင်းမီဒီယာများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
MDN


