နေပြည်တော် ၁၃  မတ် 


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာ နိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Ms. Andrea Faulkner နှင့် သံရုံး ဒုတိယအကြီးအကဲ Mr. Jeremy Kruse နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် သြစတြေးလျနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ပူးပေါင်းဆောင်ရွက်ရန် စိတ်ပါဝင်စားသည့် နယ်ပယ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလ တွင် တိုးတက်လာသည့်အခြေအနေများ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အဆင့် မြင့်မားလာရေးဆောင်ရွက်နေမှုများ၊ တိုးတက်လာသည့် နည်းပညာများကြောင့် မီဒီယာနယ်ပယ်၌ ပြောင်းလဲဖြစ်ပေါ်မှုများ၊ လူမှုမီဒီယာနှင့် အမုန်းစကား ရေးသားပြော ဆိုမှုများ၏ စိန်ခေါ်မှုများ၊ နိုင်ငံပိုင်မီဒီယာ၏ အခန်းကဏ္ဍနှင့်အရေးပါမှု စသည်တို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 


(သတင်းစဉ်)