ပူတာအို  ၁၇  မတ် 

 

ကချင်ပြည်နယ် ပူတာအိုမြို့၌  ရောက်ရှိနေသော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့တွင် ပူတာအိုခရိုင်နှင့် မချမ်းဘောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

DSC0

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်တို့နှင့်အတူ  မွန်းလွဲပိုင်းတွင် မချမ်းဘောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး / စာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြတိုက်ငယ်ခင်းကျင်းပြသထားရှိမှုနှင့် နံရံကပ်စာစောင် ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် သတင်းအချက်အလက်နှင့် အသိပညာဗဟုသုတဆိုင်ရာများကို ထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

 

DSC01

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပူတာအိုမြို့ရှိ ပူတာအိုခရိုင် ရုံး/စာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်းများ ဆောင်ရွက် ထားရှိမှု၊ ပြတိုက်ငယ်ခင်းကျင်းပြသထားမှုနှင့် နံရံကပ်စာစောင် ပြင်ဆင်ထားမှုများကို ကြည့်ရှုစစ် ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

DSC01

 

ထို့ပြင် ပူတာအိုမြို့တွင် ကျင်းပမည့် ကလေးစာပေပွဲတော်၌ ခင်းကျင်းပြသမည့် ၂၀၁၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း(၄၂၀ဝ)ကျော်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလှူရှင်တို့ ပူးပေါင်းပြီး ပူတာအိုခရိုင်အတွက် လှူဒါန်းထားရှိပြီး ဖြစ်၍ ၎င်းစာအုပ်များကို ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော၊ နောင်မွန်၊ ဆွန်ပရာဘွမ်၊ ခေါင်လန်ဖူးနှင့် ပန်နန်းဒင်မြို့များသို့ လိုအပ်သလို ခွဲဝေပေးပို့ပြီး လှည့်လည်ဖတ်ရှုနိုင်ရေး ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး စနစ်တကျ စီစဉ်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ 

 

ခရိုင်ပြန်/ဆက် ၊ ဓာတ်ပုံ-လင်းဟန်ဇေ

 

DSC027