နေပြည်တော် ၁၈ မတ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် သည် DaNa Facility Empowering Enterprise ၏ Senior Technical Adviser, Dr. Peter Brimble နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးဆောင်ပြီး လစဉ်ကျင်းပနေသည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးများ ပိုမိုထိရောက်စေရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပူးပေါင်းဆောင်ရွက်သွားရေး၊ တိုင်းနှင့်ပြည်နယ်များအကြား ညှိနှိုင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရေးနှင့် အစိုးရ-ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲများ (Private – Public Dialogue) များ ဖြစ်ပေါ်လာစေရေးအတွက် ပုဂ္ဂလိက ကဏ္ဍအား တွန်းအားပေးဆောင်ရွက်သွားနိုင်ရေးအတွက် DaNa Facility မှ ကူညီပံ့ပိုး ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


