ပဲခူး  ၂၁ ဖေဖော်ဝါရီ  

 

(၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို)ညပိုင်း ရိုးရာယဉ်ကျေးမှုဖျော်ဖြေရေး အစီအစဉ်အခမ်းအနားကို ယမန်နေ့ညပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်း၌ ကျင်းပသည်။ 

 


ရှေးဦးစွာသဘာပတိက (၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့ မိန့်ခွန်းပြောကြားပြီး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ 

 

2.00

 

ထို့နောက် မွန်အမျိုးသားနေ့ကျင်းပရေး(ဗဟို) ကော်မတီဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး မွန်စာပေပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌက မွန်စာပေနှင့်ယဉ်ကျေးမှု စာတမ်းကို ဖတ်ကြားပြီး မွန်အမျိုးသားနေ့ အထိမ်းအမှတ်စာပေပြိုင်ပွဲမှ ဆုရရှိသူများအား ဆုများချီးမြှင့်ကြ၍ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ မွန်ယဉ်ကျေးမှု အကများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်သည်။ 

 

(သတင်းစဉ်)

 

IMG_16