နေပြည်တော် ၁၄  မတ်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည်  သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Ms. Andrea Faulkner နှင့်အဖွဲ့အား ယနေ့ ညနေ ၃ နာရီခွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆)၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ကိစ္စရပ်များအား လည်းကောင်း၊ နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေမှုအခြေအနေများအား လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)