နေပြည်တော် ၁၅ မတ်
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ကိုရီးယားသမ္မတနိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီး Ms. Kim HyumMee နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမဆောင်၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် အခြေခံအဆောက်အအုံကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ Korea – Myanmar Industrial Complex (KMIC) စီမံကိန်းနှင့် ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ) တံတား ပန္နက်တင် အခမ်းအနားအပြီး ဒလမြို့နယ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းတို့နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာဆွေးနွေးကြသည်။
(သတင်းစဉ်)


