ရန်ကုန် ၁၁ မတ်
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် ဂျာမနီနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဟောင်း H.E Dr. Klaus Kinkel ကွယ်လွန်သွားခြင်းအတွက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမှတ်(၉) ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဂျာမနီသံရုံးတွင် ဖွင့်လှစ်ထားရှိသည့် ဝမ်းနည်းခြင်းအထိမ်းအမှတ် စာအုပ်၌ လက်မှတ်ရေးထိုးသည်။
ဂျာမနီနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဟောင်း H.E Dr. Klaus Kinkel သည် ၁၉၉၂ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ဂျာမနီနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ် )


