နေပြည်တော် ၂၁ ဖေဖော်ဝါရီ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ကိုရီးယား-မြန်မာ လွှတ်တော်များအကြား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr.Kim Jaewon အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်များအကြား ရင်းနှီးချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စံပြကျေးရွာလှုပ်ရှားမှု (Saemaul Undong) စီမံကိန်းအောက်တွင် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အစီအစဉ်ကိစ္စ၊ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ရန်ကုန်-ဒလ) တံတားတည်ဆောက်ရေး စီမံကိန်းကိစ္စ၊ အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်နိုင်ငံများ မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်းနှစ် (၃၀) ပြည့် ထိပ်သီးအစည်းအဝေး ကျင်းပမည့်ကိစ္စ၊ ကိုရီးယားနိုင်ငံမှ တရားဝင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီများ (ODA) ပေးအပ်ခြင်းကိစ္စနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အလားအလာများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


