နေပြည်တော် ၁၅ မတ်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ကိုရီးယားသမ္မတနိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Ms. Kim Hyun Mee နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ကိုရီးယားသမ္မတနိုင်ငံမှ ခေတ်မီလူစီးရထားတွဲဝယ်ယူရေးဆိုင်ရာ ကိစ္စရပ်များ၊ မန္တလေး-မြစ်ကြီးနား ရထားလမ်းအဆင့်မြှင့်တင်ရေးအတွက် ဆောင်ရွက်နေမှုများ၊ တွံ့တေး တူးမြောင်းဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ လေကြောင်းပို့ဆောင်ရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် ဆွေးနွေးညှိနှိုင်းအမြင်ချင်းဖလှယ်ခဲ့ကြသည်။
(သတင်းစဉ်)


