နေပြည်တော်  ၁၄  မတ် 

    
မြန်မာနိုင်ငံအရှေ့ပိုင်း နမ့်စန်မြို့နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိမ်မြုပ် ပျောက်ကွယ်လုနီးပါးဖြစ်သော ‘ယင်း’ တိုင်းရင်းသားလူမျိုးများ၏ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ဖော်ထုတ်တင်ပြခြင်းအစီအစဉ်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
    

အခမ်းအနားတွင် ‘ယင်း’ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာ၊ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံများနှင့် ပတ်သက်သည့် Documentary ရုပ်သံမှတ်တမ်းရိုက်ကူးသူ ဦးကျော်ကျော်ဝင်း က Documentary ရုပ်သံမှတ်တမ်း  Video Clip နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ 


ထို့နောက် ‘ယင်း’တိုင်းရင်းသားလူမျိုးများ၏ ကျေးရွာများ တည်ရှိရာသဘာဝ တောတောင် ရေမြေများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ ‘ယင်း’ တိုင်းရင်းသားများအနေဖြင့် ၎င်းတို့ကိုယ်တိုင် ရက်လုပ်ထားသည့် ရိုးရာဝတ်စုံများကိုသာဝတ်ဆင်ပြီး ရိုးရာဝတ်စုံ ရက်လုပ်ပုံများ၊ လူပျို/အပျိုလှည့်ခြင်းနှင့် ထိမ်းမြားလက်ထပ်ခြင်းဓလေ့၊ ‘ယင်း’ တိုင်းရင်းသားလူမျိုးများကိုယ်တိုင် လက်ခံယုံကြည်ထားသည့် ၎င်းတို့၏သမိုင်းကြောင်း နှင့် ကိုးကွယ်ယုံကြည်မှုပုံစံများ၊ ရိုးရာအစားအသောက်များနှင့် ရိုးရာပျော်ပွဲ ရွှင်ပွဲများ အကြောင်းအား အသေးစိတ် ခြယ်မှုန်းရိုက်ကူးထားသည့် Documentary ရုပ်သံမှတ်တမ်း ကိုVideo Clip ဖြင့်ပြသသည်။ 
    

ထို့နောက်‘ယင်း’တိုင်းရင်းသားလူမျိုးများ၏ Documentary ရုပ်သံမှတ်တမ်းနှင့် စပ်လျဉ်း၍ အခမ်းအနားတက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးရာ ဦးကျော်ကျော်ဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားသည်။
    

ထို့နောက် ‘ယင်း’ တိုင်းရင်းသားလူမျိုးများ၏ရိုးရာ၊ယဉ်ကျေးမှု၊ဓလေ့ထုံးစံများနှင့် ပတ်သက်သည့် Documentary ရုပ်သံမှတ်တမ်းရိုက်ကူးသူ ဦးကျော်ကျော်ဝင်းအား ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အမှတ်တရ ဂုဏ်ပြု လက်ဆောင်ပေးအပ်သည်။


ယခုရိုက်ကူး တင်ပြခဲ့သည့် ‘ယင်း’ တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာ၊ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကဲ့သို့ အခြားတိမ်မြုပ်ပျောက်ကွယ် လုနီးပါးဖြစ်နေသော တိုင်းရင်းသား လူမျိုးများ၏ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ ကိုရိုက်ကူး ဖြန့်ချီနိုင်ရေးတိုင်း ရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဆောင်ရွက်လျှက်ရှိပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသား လူမျိုးများအနေဖြင့် မိမိတို့၏စာပေ၊ ဘာသာစကားရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံး စံများ ကိုပိုမိုမြတ်နိုးတန်ဖိုးထား ထိန်းသိမ်း လာမည်ဖြစ်ကြောင်း သိရှိရရှိသည်။


(သတင်းစဉ်)

 

1