၁၄  ဧပြီ

ဗင်နီဇွဲလားနိုင်ငံဟာ နှစ်ပေါင်းများစွာကြာအောင် ငွေကြေးဖောင်းပွမှုကြောင့် စီးပွားရေးအကျပ်အတည်းအောက် ကျရောက်လာခဲ့ရသလို နိုင်ငံရေးဆိုင်ရာ ကသောင်းကနင်းအခြေအနေတွေကိုပါ ရင်ဆိုင်နေရတဲ့ နိုင်ငံအဖြစ် ကမ္ဘာက သိထားကြပါတယ်။ ဒီလိုအနေမျိုးမှာ ပြိုလဲလုလုဖြစ်နေတဲ့ကျန်းမာရေးစောင့်ရှောက်မှု စနစ်က နိုင်ငံအတွင်းကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ဝင်ရောက်လာတဲ့အခါမှာတော့ ထိတ်လန့်စရာ အခြေအနေတွေ ဖြစ်လာမယ့်အရေး တွေးပူနေရပြီဖြစ်ပါ တယ်။

အစိုးရရဲ့လုပ်ဆောင်ချက်

ဗင်နီဇွဲလားနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လလယ်လောက်ကစပြီး ကိုဗစ်-၁၉ ပထမဆုံး ကူးစက်ခံရသူတစ်ဦးကို တွေ့ရှိခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ သမ္မတမာဒူရိုက ဗိုင်းရပ်စ်ပျံနှံ့မှုကို ထိန်းချုပ်နိုင်ဖို့တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကန့်သတ်စောင့်ကြည့်မှုတွေ လုပ်ဆောင်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ယခုနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာလည်း ခက်ခက်ခဲခဲ ဆောင်ရွက်နေရတယ်။ အထူးသဖြင့် အခုလို ကပ်ရောဂါ ကျရောက်လာတဲ့အချိန်အခါမျိုးမှာ ဒီလိုအဖြစ်မျိုးတွေ အတွက် ကောင်းကောင်းပြင်ဆင်ထားတယ်လို့ မထင်မိဘူးလို့ ကရာကက်စ်မြို့ ဈေးဝယ်ကုန်တိုက်တစ်ခုက ငွေကိုင်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ မေဘစ်နိုဂျီရာက ပြောပါတယ်။

ဆေးရုံသုံးစက်ကိရိယာပြတ်လပ်

တစ်နိုင်ငံလုံးမှာရှိတဲ့ ဆေးရုံဆေးခန်းတွေမှာ ဆေးရုံသုံးစက်ကိရိယာတွေနဲ့ ဆေးဝါးပြတ်လပ်မှုတွေကလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်။ ဗိုင်းရပ်စ်ကူးစက်မှုက အရေးပေါ်အကူအညီအထောက်အပံ့ လိုအပ်နေတဲ့ အခြေအနေကို ပိုပြီးဆိုးရွားလာစေဦးမယ်ဆိုတာ ကျိန်းသေတယ်လို့ ပြည်သူတွေက ပြောနေပါတယ်။

နိုင်ငံအတွင်းမှာ အထူးကြပ်မတ်ကုသခန်းသုံး လူနာခုတင်အလုံးရေ ၈၀ လောက်သာ ရှိတယ်။ တကယ်တမ်း ဗင်နီဇွဲလားမှာ လိုအပ်နေတဲ့ လူနာခုတင်အရေအတွက်က ၂၅၀၀ လောက်ကို လိုအပ်နေတာလို့ ဘွဲ့လွန်ဆေးပညာဆိုင်ရာ ညွှန်ကြားရေးမှူးများ ဘုတ်အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ဇူလီယာဒေသက ဆရာဝန် တစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာ ဖရက်ဒီပါချာနိုက ထောက်ပြခဲ့ပါတယ်။

လျှပ်စစ်မီးပုံမှန်မရရှိ

အဲဒီအပြင် ဆေးရုံတွေမှာ အသက်ရှူ အထောက်အကူပြု ကိရိယာလည်ပတ်ဖို့ အဓိက အားပြုနေရတဲ့ ပုံမှန်လျှပ်စစ်မီးရရှိမှုလိုမျိုး အခြေခံဝန်ဆောင်မှုတွေကလည်း လိုအပ်ချက်ရှိနေတယ်။ ဒီတော့အခု ဖြစ်ပျက်နေတဲ့ မပြည့်စုံတဲ့အကြောင်းတရားတွေ အားလုံးကနိုင်ငံအတွင်းမှာ ဗိုင်းရပ်စ်ကြောင့် လူတွေအများအပြား သေကျေ ပျက်စီးကြရမယ့် မြင်ကွင်းတစ်ခု ဖြစ်လာအောင်ဖန်တီးနေတယ်လို့ ဒေါက်တာ ဖရက်ဒီပါချာနိုက အသိပေး ပြောကြားခဲ့ပါတယ်။

ဒီလို ကပ်ရောဂါ ကျရောက်မှုကို မခံစားရသေးခင် အချိန်ကတည်းက သန်းနဲ့ချီတဲ့ ဗင်နီဇွဲလားပြည်သူတွေဟာ လက်လှုပ်မှ ပါးစပ် လှုပ်ရတဲ့ အနေအထား မျိုးနဲ့ ရုန်းကန်လာခဲ့ကလည်း လိုအပ်ချက်ရှိနေတယ်။ ဒီတော့အခု ဖြစ်ပျက်နေတဲ့ မပြည့်စုံတဲ့အကြောင်းတရားတွေ အားလုံးက နိုင်ငံအတွင်းမှာ ဗိုင်းရပ်စ်ကြောင့် လူတွေ အများအပြား သေကျေပျက်စီးကြရမယ့် မြင်ကွင်းတစ်ခု ဖြစ်လာအောင်ဖန်တီးနေတယ်လို့ ဒေါက်တာ ဖရက်ဒီပါချာနိုက အသိပေးပြောကြားခဲ့ပါတယ်။

ဒီလို ကပ်ရောဂါ ကျရောက်မှုကို မခံစားရသေးခင် အချိန်ကတည်းက သန်းနဲ့ချီတဲ့ ဗင်နီဇွဲလားပြည်သူတွေဟာ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ အနေအထား မျိုးနဲ့ ရုန်းကန်လာခဲ့ရတာဖြစ်လေတော့ ကွာရန်တင်းလို့ခေါ်တဲ့ အသွားအလာ ကန့်သတ်မှုတွေနဲ့ ကြုံရချိန်မှာ အခြေအနေတွေ ပိုပြီးဆိုးလာမယ့် သဘောရှိနေပါတယ်။ လှုပ်ရှားမှုတွေသာ ရပ်တန့်နေပေမယ့် ကျွန်တော်တို့ ပေးစရာရှိတဲ့ အရာတွေကတော့ ရပ်မနေဘူး။ လစဉ်လတိုင်း စည်ပင်ကိုပေးရမယ့် အခွန်အခါ လိုဟာမျိုးတွေ ရှိနေတုန်းပဲလို့ ပြည်သူတစ်ဦးက ညည်းတွားလျက်ရှိပါတယ်။ ဝင်ငွေမရှိဘဲ ဘယ်လောက်ကြာအောင် ရပ်တည်နိုင်မလဲ ပြည်သူတစ်ဦးကတော့ အစိုးရိမ်ရဆုံးက အစားအသောက်ကိစ္စပဲ။ ဝင်ငွေမရှိဘဲ ဘယ်လောက်ကြာကြာ တောင့်ခံပြီးရပ်တည်နေနိုင်မှာလဲဆိုတာကို မသိနိုင်ဘူး။ ဝင်ငွေလုံးလုံးမရှိတော့တဲ့အခါ အခြေခံစားသောက် ကုန်တွေကိုတောင် ဝယ်နိုင်တော့မှာမဟုတ်ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ ဗင်နီဇွဲလားပြည်သူအများစုဟာ အသက်ရှင်နေထိုင်ရေးအတွက် ကြုံရာကျပန်း စီးပွားလုပ်ကိုင်မှုအပေါ် မှီခိုအားထားနေကြရပါတယ်။ စီးပွားရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုဒါရိုက်တာ ဟန်ကယ်ဂါဇီယာက နိုင်ငံ့လုပ်သားအင်အားဟာ ၄၀ ရာခိုင်နှုန်းနဲ့ ၅၀ ရာခိုင် နှုန်းကြားမှာရှိတယ်လို့ ခန့်မှန်းတွက်ချက်ဖော်ပြပါတယ်။

နောက်ထပ်ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အခါ အခြေအနေတွေ တင်းမာမှု ပြည့်နှက်လာတော့မယ်။ လူအများနဲ့ ရောနှောမဆက်ဆံဘဲ ခပ်ခွာခွာနေထိုင်ခြင်းက ဗင်နီဇွဲလားရဲ့ ကပ်ရောဂါကူးစက်ပျံ့နှံ့မှု အရေအတွက်ကိုတော့ မကြုံစဖူး လျော့ကျသွားစေနိုင်ကောင်းပါရဲ့။ ဒါပေမယ့် လူမှုဘဝအခြေအနေတွေကတော့ တစ်ရက်ပြီး တစ်ရက် ပိုပြီးရှုပ်ထွေးလာဖွယ်ရှိတယ်လို့လည်း ပြောဆိုနေ ကြပါတယ်။

ရေနံရှားပါးမှု

နိုင်ငံအတွင်းမှာ ရေနံရှားပါးပြတ်လပ်လာမှုဟာ ပြည် သူတွေရဲ့ နေ့စဉ်ဖိအားကျရောက်မှုကို ပိုပြီးလေးပင် လာစေ ခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံရဲ့ မလှုပ်ရှားနိုင်အောင် ဖြစ်နေတဲ့ ရေနံသန့်စင်စက်ရုံတွေနဲ့ အမေရိကန်က ၎င်းအပေါ်ချမှတ်နေတဲ့ အရေးယူပိတ်ဆို့မှုတွေက ကမ္ဘာ့အကြီးဆုံးရေနံ လုပ်ငန်းပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား နိုင်ငံကို ရေနံရှားပါး ပြတ်လပ်သွားစေတဲ့အထိ ပြင်းထန်လွန်းခဲ့ပါတယ်။

နေ့စဉ်နေ့တိုင်း အရုဏ်တက်ချိန်မရောက်သေးခင်မှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါအဝင် အဓိကနေရာကနေ ပါဝင်နေကြရတဲ့ ပြည်သူတွေဟာ ဓာတ်ဆီရနိုင်သေးတယ်လို့ ထင်ရတဲ့ ဆီဆိုင်တွေမှာ နာရီပေါင်းများစွာကြာအောင် မဆုံးနိုင်တဲ့လူတန်းကြီးထဲမှာ ပါဝင်ပြီး စီတန်းစောင့်ဆိုင်း နေကြရတာဟာ ဒုက္ခတစ်ခုပါပဲ။

အခြေခံစားသောက်ကုန်ရှားပါးပြတ်လပ်မှုကို အခါမလပ်ရင်ဆိုင်ခဲ့ရတဲ့ ဗင်နီဇွဲလားမှာ ဒီလိုလူတန်းရှည်ကြီး တွေကို တွေ့ရမြင်ရတာဟာ သိပ်မဆန်းလှပေမယ့် ကရာကက်စ်မြို့တွင်းမှာပါ ဒီလိုမြင်ကွင်းမျိုး မြင်လာရတာကတော့ သိပ်မကြာသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကရာကက်စ်မြို့မှာက နိုင်ငံရဲ့ တခြားနေရာတွေနဲ့စာရင် အမြဲလိုလို ဝန်ဆောင်မှုပိုပြီးကောင်းခဲ့တာမို့ပါ။

ဝေဖန်မှုအမျိုးမျိုးထွက်ပေါ်

နိုင်ငံအတွင်းမှာ လက်ရှိအသွားအလာကန့်သတ် စောင့်ကြည့်မှု လုပ်ဆောင်နေကြတဲ့ ပြည်သူသန်းပေါင်းများစွာ ရှိနေပြီး သမ္မတ နီကိုးလပ်စ်မာဒူရိုဟာ ပြည်သူတွေအပေါ် ပိုမိုထိန်းချုပ်နိုင်အောင် အားထုတ်လုပ်ဆောင် နေတာကိုတော့ မြင်တွေ့ရပါတယ်။ သို့သော်လည်းပဲ အစိုးရဟာ အမှန်တကယ် ရောဂါကူးစက်ခံရသူ အရေအတွက် အတိအကျကို ထုတ်ပြန်ဖော်ပြလိုခြင်းရှိ မရှိနဲ့ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်စွမ်းရှိ မရှိဆိုတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေနဲ့ကတော့ အမျိုးမျိုးပေါ်ထွက်နေပါတယ်။

ဆရာဝန်တွေကြားမှာလည်း ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အခြေအနေတွေနဲ့ပတ်သက်ပြီး လွတ်လပ်ပွင့်လင်းစွာ ပြောဆိုကြတဲ့အခါမှာ ဖိအားတွေကို ရင်ဆိုင်နေကြရပါတယ်။ ဆရာဝန်အချို့ဟာ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး နှုတ်ပိတ်နေဖို့ တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ ခြိမ်းခြောက်တာတွေ၊ သတိပေးတာတွေ ခံနေရတယ်လို့ ဒေါက်တာ ပါချာနိုက ပြောကြားခဲ့ပါတယ်။

သတင်းပေးဖို့ခက်ခဲ

ဒေါက်တာပါချာနို ကိုယ်တိုင်လည်းပဲ ဆေးဝန်ထမ်းတွေအတွက် ရောဂါကာကွယ်ရေးဝတ်စုံ၊ အကာအကွယ်ဝတ်စုံ မလုံလောက်တဲ့အကြောင်း ဖော်ပြဖို့နဲ့ သံသယရှိ လူနာတွေနဲ့ ပတ်သက်ပြီး သတင်းပေးဖို့ အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။ ဒီအချက်တွေအားလုံးက ရောဂါကူးစက်မှုသံသယရှိတဲ့ ကိစ္စတွေကို ဖြေရှင်းဆောင် ရွက်ဖို့ အခြေခံကျတဲ့ အကာအကွယ်ဝတ်စုံတွေ တောင်းခံ ဖို့ရာကို ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေ၊ ဆေး ဝန်ထမ်းတွေအနေနဲ့ ကြောက်နေရတဲ့အဖြစ်မျိုးကို ဖန်တီးနေတယ်လို့ ၎င်းက ဖွင့်ဟပြောကြားခဲ့ တာဖြစ်ပါတယ်။ ဒီတော့ ဗင်နီဇွဲလားနိုင်ငံဟာ ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်ဖို့အရေး ပြည်တွင်းမှာသာ ဖိအားတွေ စုပုံကျရောက်နေရုံ မဟုတ်တော့ပါဘူး။ သမ္မတမာဒူရို အစိုးရအဖွဲ့ အမှုထမ်းတွေကိုပါ သမ္မတထရမ့်က တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေ ချမှတ်ထားတာကြောင့် နိုင်ငံပြင်ပမှာပါ ဖိအားတွေနဲ့ အလူးအလဲ ရင်ဆိုင်နေရလျက် ရှိပါတယ်။ ။

ကလျာမိုးမြင့်

ကိုးကား - ဘီဘီစီ၊ အေအက်ဖ်ပီ