နေပြည်တော် ၂၈ အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်းမိုင်တိုင်(၆၁/၄-၅)ကြား၌  အောက်တိုဘာ ၂၇ ရက် မွန်းလွဲပိုင်းက ခရီးသည်တင် ယာဉ်တိမ်းမှောက်ပြီး ၂၁ ဦး ဒဏ်ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မှပုသိမ်သို့ မြောက်ဉက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၁၁)ရပ်ကွက်နေ အောင်မိုးသန့် (၃၉)နှစ် မောင်းနှင်ပြီး ဗဟန်းမြို့နယ်နေ မသဇင်အောင်(၃၅)နှစ်ပါ ခရီးသည် ၅၁ ဦး လိုက်ပါလာသော 4L/×××× Sunlong ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး မသဇင်အောင်ပါ ခရီးသည် ၂၁ ဦးတို့တွင် ဒဏ်ရာများရရှိခဲ့ သောကြောင့် အောင်မိုးသန့်အား အင်းမနယ်မြေရဲစခန်းယာဉ်(ပ)၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)