နေပြည်တော်    အောက်တိုဘာ  ၂၇

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌  ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၏ ဟောပြောစည်းရုံးမှုများကို  အောက်တိုဘာ ၂၈ ရက် ည ၇ နာရီမှစတင်၍ မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား၏ MRTV HD၊ MRTV Parliament နှင့် ဆက်စပ်ရုပ်သံလိုင်းများဖြစ်ကြသည့်  MWD HD၊ MWD Variety HD တို့မှလည်းကောင်း၊ မြန်မာ့ အသံရေဒီယို၊ သပြေရေဒီယို၊ သဇင် FM တို့နှင့် MRTV App:၊ Radio App: အပါအဝင် MRTV Online Platform တို့မှလည်းကောင်း ထုတ်လွှင့်ပြသပေးမည်ဖြစ်သည်။

အဆိုပါနိုင်ငံရေးပါတီများ၏ ဟောပြောစည်းရုံးမှုများကို အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၂၄ ရက် အထိ နေ့စဉ် ည ၇ နာရီတွင်  ပထမအကြိမ်အဖြစ် စတင်ထုတ်လွှင့်ပြသပေးမည်ဖြစ်​ကြောင်း သိရသည်။

သတင်းစဉ်