နေပြည်တော် ၆   အောက်တိုဘာ            

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ခွါညိုပန်းအဝိုင်းအနီးတွင် အောက်တိုဘာ ၅ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ထုံးဖို မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မင်္ဂလာပန်းအဝိုင်း ဘက်မှ ခွါညိုပန်းအဝိုင်းသို့ မင်္ဂလာဒီပရပ်ကွက်နေ သန်းဇော်မိုး(၂၇)နှစ်မောင်းနှင်ပြီး ရွာတော်ကျေး ရွာနေ ဦးစာ(၆၀)နှစ်ပါ၂၆ ဦးတို့လိုက်ပါလာသည့် 7L/×××× Faw ယာဉ်သည် အခင်းဖြစ်နေရာ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ဦးစာပါ ၂၆ ဦးတွင် ဒဏ်ရာများအသီးသီး ရရှိပြီး နေပြည်တော်၊ ခုတင်(၁၀ဝ၀)ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဦးစာပါ ၂ ဦးမှာ သေဆုံးသွားခဲ့ သောကြောင့် သန်းဇော်မိုးအား ထုံးဖိုမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။

MDN