နေပြည်တော်  ၁၁   အောက်တိုဘာ

 

နေပြည်တော် ဇေယျာသီရိမြို့နယ် ပုပ္ပါးကုန်းရပ်ကွက်နေ ဒေါ်သဉ္ဇာလွင်(၄၄)နှစ်သည် အောက်တိုဘာလအတွင်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မှု မရှိသော ကျောင်းသား/သူများအားတက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ အမှတ်စာရင်းစာရွက်ထုတ်ပြန်ချက်နှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့မှ တက္ကသိုလ်ဝင်ခွင့်/မှတ်ပုံတင်ခွင့်လျှောက်လွှာ၊ သင်တန်းရွေးချယ်ခွင့် ကတ်ပြားတို့ကို အတုပြုလုပ်၍ ငွေကြေးလိမ်လည်ရယူနေကြောင်း တိုင်တန်းစာနှင့်ပတ်သက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ စစ်ဆေးခဲ့ရာ အဆိုပါ စာရွက်စာတမ်းများမှာ အတုများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အရေးယူပေးပါရန် တိုင်တန်းချက်အရ ဒေါ်သဉ္ဇာလွင်အား ဘုရားကုန်း မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

သတင်းစဉ်