ပုလော အောက်တိုဘာ ၃၀

 

၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၈ ရက် မွန်းတည့် ၁၂  နာရီက ပုလောမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပုလောမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းနှင့် ပုလောမြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးတို့က အမှာစကား ပြောကြားသည်။

 

ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-1 မှ Grade-12 အထိ ထူးချွန်ကျောင်းသား ကျောင်းသူ ၁၀၆ ဦး၊ ကျောင်းတက်ရက်မှန် နှင့် ဘာသာရပ်သင်ထူးချွန်ဆု ဆရာ ဆရာမ ၄၆ ဦးအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။        

 

ပုလော (ပြန်/ဆက်)