ပဲခူး ၁၈ ဖေဖော်ဝါရီ

 

ပဲခူးမြို့ ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲတွင် ယနေ့ နံနက်ပိုင်းက ပုံဆွဲ (၁) ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ် (၅) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ 

 

သင်တန်းဖွင့်ပွဲခမ်းအနားတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စီမံရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ ညွှန်ကြားရေးမှူးဒေါ်အေးအေးလှိုင်က သင်တန်းတွင်ပို့ချပေးမည့် ဆည်မြောင်း အင်ဂျင်နီယာဆိုင်ရာဘာသာရပ်များ၊ ဝန်ထမ်းစည်းမျဉ်းဆိုင်ရာဘာသာရပ်များနှင့်  စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။

 

အဆိုပါသင်တန်းအား ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့ထိ လေးပတ်တာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊သင်တန်းသူ စုစုပေါင်း ၃၂ ဦး တက်ရောက်သင်ကြားသွားမည် ဖြစ်ကြောင်းသိရသည်။

 

ခင်ကို(ကျောက်တံခါး)