ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နှင့်ကျောက်တော်မြို့ပတ်ဝန်းကျင်   လုံခြုံရေးဆောင်ရွက်နေသော      လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်AA သောင်းကျန်းသူအဖွဲ့တို့ တိုက်ပွဲများ   ပြင်းထန်စွာဖြစ်ပွားပြီး    လက်နက်၊ အလောင်းနှင့် ပုဏ္ဏားကျွန်းမြို့နယ်နှင့်ကျောက်တော်မြို့နယ်အတွင်း  မြို့၊  ရွာနှင့်ဌာနဆိုင်ရာအဆောက်အဦများအား တိုက်ခိုက်ရန်  ရည်ရွယ်ဖွင့်လှစ်ထားသည့်ယာယီအခြေပြုစခန်းတစ်ခုတို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ပုဏ္ဏားကျွန်းမြို့နယ် ပိန္နဲတော ကျေးရွာအနီးသို့ မတ် ၇ ရက် ည ၉ နာရီခန့်တွင်AA သောင်းကျန်းသူအဖွဲ့မှ အောင်ဇော်လင်းနှင့်   အဖွဲ့တစ်ဖွဲ့    ရောက်ရှိလာခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ၎င်းတို့၏အမာခံများစေလွှတ်ကာ ပဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များ  စုပေါင်း၍ ငွေကျပ်ကျပ်သိန်း  ၆၅၀ အား ခုနစ်ရက်အတွင်း ပေးရန်နှင့် ပေးဆောင်မှုမရှိပါက တက္ကသိုလ်ဝင်စာမေးပွဲပြီးဆုံးချိန်၌     ပုဏ္ဏားကျွန်းမြို့အပါအဝင်  နယ်မြေခံတပ်ရင်းဌာနချုပ်နှင့်မြန်မာနိ်ုင်ငံရဲတပ်ဖွဲ့စခန်းများအား ဝင်ရောက်တိုက်ခိုက်သွားမည်ဟု   ခြိမ်းခြောက်စာ ပေးပို့ခဲ့ကြောင်း။


ယင်းကိစ္စနှင့်ပတ်သက်၍  ပဏ္ဏားကျွန်း မြို့နယ်ရှိ  ဒေသခံတိုင်းရင်းသားပြည်သူများက တပ်မတော်နှင့် လုံခြုံရေးအဖွဲ့အစည်းများ အား      အချိန်မီသတင်းပေးပို့လာသကဲ့သို့သောင်းကျန်းသူအဖွဲ့ထံသို့လည်း လုံးဝမပေးနိုင်ဟု အကြောင်းပြန်ခဲ့ကြောင်း သိရသည်။  


အဆိုပါ သတင်းဆက်အရ ပုဏ္ဏားကျွန်း မြို့နယ်နှင့်      ကျောက်တော်မြို့နယ်အနီးပတ်ဝန်းကျင်တစ်ဝိုက်အား  လုံခြုံရေးတပ်ဖွဲ့ဝင်များက      နယ်မြေလုံခြုံရေးလုပ်ငန်းများ ဖြန့်ခွဲဆောင်ရွက်ခဲ့ရာ AA သောင်းကျန်းသများသည်  ၂၀၁၉  ခုနှစ်  တက္ကသိုလ်ဝင်တန်း စာစစ်ဌာန၏ မေးခွန်းလွှာနှင့် အဖြေလွှာများ အား  ထိန်းသိမ်းခြင်းလုပ်ငန်းနှင့်   နယ်မြေ လုံခြုံရေးဆောင်ရွက်နေသည့်   တပ်ဖွဲ့ဝင်အင်အား  ၁၁  ဦးခန့်သာရှိသည့် ယိုးတရုတ်ကျေးရွာ   ရဲကင်းစခန်းအား   မတ် ၉ ရက်ညပိုင်းတွင်    အင်အားအလုံးအရင်းဖြင့်ဝင်ရောက်တိုက်ခိုက်လာခဲ့ပြီး နယ်မြေဒေသ လုံခြုံရေးအား စတင်နှောင့်ယှက် ဖျက်ဆီးလာ ခဲ့ကြောင်း။ 


ရပ်ကွက်၊ ကျေးရွာ လုံခြုံရေးတပ်စခန်း များအား AA သောင်းကျန်းသူအဖွဲ့များမှထပ်မံနှောင့်ယှက်တိုက်ခိုက်မည်ဟု သတင်း ရရှိသဖြင့် ကန်ဇောက်နှင့် ပုဏ္ဏားကျွန်းအကြား ရွှေ့ပြောင်း၍  နယ်မြေစိုးမိုးရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည်  မတ်၁၁  ရက် မွန်းလွဲပိုင်းတွင်  ကျောက်တော်မြို့ကန်ဇောက်ကျေးရွာ၏တောင်ဘက် မီတာ ၇၀ဝ၀ ခန့်အကွာသို့အရောက်၌ ပုဏ္ဏားကျွန်း မြို့နယ်နှင့်      ကျောက်တော်မြို့နယ်တို့အား ဝင်ရောက်တိုက်ခိုက် နှောင့်ယှက်ဖျက်ဆီးရန်အင်အားစုစည်းလျက်ရှိသော  AA သောင်းကျန်းသူအဖွဲ့မှ  အင်အားစုများနှင့်နယ်မြေခံကျေးရွာအလိုက် ရိုးသားစွာလုပ်ကိုင်စားသောက်နေကြသည့် အရပ်သားများအား လက်နက်ဖြင့်ခြိမ်းခြောက်၍ စုစည်းထားသည့်အင်အားစုများပါ ပူးပေါင်းထားသော ယာယီအခြေပြုစခန်းအား တွေ့ရှိပြီး စတင်ထိတွေ့မှုဖြစ်ပွားခဲ့ကာ  ရင်ဆိုင်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ ရင်ဆိုင်ထိန်းချုပ်လျက်ရှိစဉ် AA သောင်းကျန်းသူများသည် မတ် ၁၂ ရက်တွင်လုံခြုံရေးတပ်ဖွဲ့ဝင်များအား  အင်အားအလုံး အရင်းဖြင့်  အကြိမ်ကြိမ်   ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခြင်း၊  လုံခြုံရေးတပ်ဖွဲ့ဝင်များအား အင်အားဖြည့်တင်းရန် သွားရောက်ခဲ့သော တပ်မတော်စစ်ကြောင်း တစ်ကြောင်းကိုလည်း ဖြတ်တောက်ပိတ်ဆို့ခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း။ 


မတ် ၁၃ ရက် ညပိုင်းနှင့် မတ် ၁၄ ရက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ကူ၊ ပစ်အား ရယူလျက် မိမိတပ်ဖွဲ့ဝင်များအား ချေမှုန်းရန်ကြိုးပမ်းလျက်ရှိသည့်ဗဗ သောင်းကျန်းသူအဖွဲ့အား  ဟန်ချက်ညီပြင်းထန်စွာ  တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ  AA သောင်းကျန်း သူအဖွဲ့များသည် မတ် ၁၄ ရက် ညနေပိုင်းတွင်အကျအဆုံးများစွာဖြင့်   အရပ်မျက်နှာ အသီးသီးသို့     ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း။


ဖြစ်စဉ်တွင် မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ကျဆုံးဒဏ်ရာရရှိခဲ့ပြီး ဗဗ သောင်းကျန်း သူများထံမှ လက်နက်များ၊ အလောင်းများနှင့်ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်အတွင်း မြို့၊ ရွာနှင့် ဌာနဆိုင်ရာ အဆောက်အဦများအား တိုက်ခိုက်ရန် ရည်ရွယ်ဖွင့်လှစ်ထားသည့်  ယာယီအခြေပြုစခန်းတစ်ခုတို့အား သိမ်းပိုက်ရရှိခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်နှင့်ကျောက်တော်မြို့နယ်အနီးတစ်ဝိုက် လုံခြုံရေး အား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


MDN