စစ်တွေ ၁၂ မတ်
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ တိုက်ပွဲရှောင် ပြည်သူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို မတ် ၁၁ ရက်က ပြောင်းရွှေ့ခိုလှုံလျက်ရှိသည့် ဆင်သီပိန္နဲတောကျေးရွာ စာသင်ကျောင်းနှင့် ယိုးတရုတ်ကျေးရွာရှိ ပင်မဘုန်းတော်ကြီးကျောင်းတို့တွင် ပေးအပ်ခဲ့သည်။
တိုက်ပွဲရှောင်ပြည်သူများမှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဆင်သီဖျားကျေးရွာမှ အိမ်ထောင်စု ၁၄ စု၊ လူဦးရေ ၆၅ ဦးမှာ ဆင်သီပိန္နဲတောကျေးရွာ စာသင်ကျောင်း၌လည်းကောင်း၊ ပုပက်ခွက်ကျေးရွာအုပ်စု ဗုဒ္ဓေါကျေးရွာမှ အိမ်ထောင်စု ၅၉ စု၊ လူဦးရေ ၂၁၈ ဦးတို့မှာ ယိုးတရုတ်ကျေးရွာရှိ ပင်မဘုန်းတော်ကြီးကျောင်းတွင် ပြောင်းရွှေ့ခိုလှုံလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စု ၇၃ စု လူဦးရေ ၂၈၃ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး၊ ကျားလုံချည်၊ မလုံချည်၊ စောင်၊ တီချပ်နှင့် ပလပ်စတိတ်ဖျာတို့အတွက် ငွေကျပ် ၁၃၂၃၄၉၀ ကျပ်၊ လူဦးရေ ၂၈၃ ဦးအတွက် ဆန်ရိက္ခာ တစ်လစာအတွက် ထောက်ပံ့ငွေကျပ် ၂၅၄၇၀ဝ၀ ကျပ်၊ စုစုပေါင်း ငွေကျပ် ၃၈၇၀၄၉၀ ကို ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးမှ သွားရောက်ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။
တင်ထွန်း(ပြန်/ဆက်)


