ပုသိမ်  အောက်တိုဘာ  ၂၇

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(ပုသိမ်)တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁၁)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၁၁) သင်တန်းများဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သင်တန်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခန့်မွန်ဆွေက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က သင်တန်းကျောင်းအတွက် ချီးမြှင့်ငွေကျပ် ငါးသိန်းကို ပေးအပ်သည်။

 

သင်တန်းဖွင့်ပွဲအပြီးတွင် အခမ်းအနား တက်ရောက်လာသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့်   သင်တန်းသုံး   သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုအားပေး​ကြပြီး အဆိုပါသင်တန်းများ၌ သင်တန်းသား သင်တန်းသူ ၃၅ ဦး  တက်ရောက် လျက်ရှိကြောင်း သိရသည်။                                                                      

 

မေချို