ပုသိမ် ဒီဇင်ဘာ ၃
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော KG ကျောင်းသား ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက KG ကျောင်းသား ကျောင်းသူများအား အာဟာရကျွေးမွေးခဲ့ကြပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီးက ကျောင်းမုန့်စျေးတန်း စျေးရောင်းချနေမှုများကို လိုက်လံရှင်းလင်းပြသရာ နာယကကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)


