ပုသိမ် ဒီဇင်ဘာ ၁

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် (၁) ရပ်ကွက် ကြိုးတံတားအနီးရှိ တောင်သူ ဦးသန်းထွန်း၏ လယ်မြေခြောက်ဧကတွင် ရေဆင်းပေါ်ဆန်း (၂) စပါးမျိုးအား မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ခရိုင်စိုက်တိုးမြှင့်ဥက္ကဋ္ဌနှင့် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးတို့က ကြဲခင်းစနစ်ပပျောက်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး ဆောင်းသီးနှံနေကြာနှင့် ပိုက်ဆံ လျှော် ဧကပြည့် စိုက်ပျိုးကြရန် ဖြည့်စွက်မှာကြားသည်။ ထို့နောက် မရမ်းချောင်းကျေးရွာသို့ သွားရောက်၍ ဆောင်းသီးနှံနေကြာ၊ ပိုက်ဆံ လျှော်နှင့် ဟင်းသီးဟင်းရွက်များကို ယခင်နှစ်ကထက် ဆောလျင်စွာ စိုက်ပျိုးနိုင်ရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)