၁ နိုဝင်ဘာ
ရုရှားသမ္မတလောင်း ဖြစ်လာမယ့် ဗလာဒီမာ ပူတင်ဟာ သူအလုပ်စဝင်ကတည်းက သတိကြီးပြီး စည်းမျဉ်းစည်းကမ်းအတိုင်းကျင့်သုံးတဲ့ ထောက်လှမ်းရေးတစ်ယောက်ဖြစ်ကြောင်း KGB မှတ်တမ်းမှာ ရေးသားထားပါတယ်။
ပူတင် အသက် ၂၀ ကျော်မှာ ထောက်လှမ်းရေး အဖြစ်ကနေ နိုင်ငံရေးသမားအဖြစ်ပြောင်းလဲခဲ့စဉ်မှာ ရဲဘော်ပူတင်ဟာ သူ့ရဲ့ အတွေးအခေါ်၊ နိုင်ငံရေးနဲ့ လုပ်ငန်းပိုင်းဆိုင်ရာမှာ တစ်ဆင့်ချင်း ပြောင်းလဲလာတာဖြစ်ကြောင်း ပူတင်အကြောင်း ရေးသားထားတဲ့ တစ်မျက်နှာမှတ်တမ်းကို ရုရှား သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ပူတင်ဟာ ၁၉၇၀ပြည့်နှစ်များအလယ်အပိုင်းမှာ ထောက်လှမ်းရေးဌာနတွင် စတင်အလုပ်လုပ်ခဲ့ရာ ဂျာမနီနိုင်ငံ ဒရက်စတန် မှာ တာဝန်ကျခဲ့ပြီး အဲဒီနောက် အရှေ့ဂျာမနီမှာ ၁၉၈၅ ခုနှစ်ကနေ ၁၉၉၀ ဆိုဗီယက်အာဏာပြိုကျချိန် အထိ အလုပ်လုပ် ခဲ့ပါတယ်။
KGB ပျောက်ကွယ်သွားပြီးနောက် အသစ်ဖွဲ့စည်းတဲ့ ထောက်လှမ်းရေး FSBအဖွဲ့မှာ KGBအဖွဲ့ဝင်ဟောင်း အများစု က တာဝန်ဆက်လက် ထမ်းဆောင် နေပါတယ်။ FSBအဖွဲ့ဟာ ကရင်မလင်မှာ အာဏာရှိတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။
ရုရှားနိုင်ငံရဲ့ ဒုတိယမြို့တော် စိန့်ပီတာဘတ်ခ် ရှိ ဗဟိုမော်ကွန်းတိုက်မှာ ကျင်းပနေတဲ့ သမိုင်းကြောင်း နဲ့ နိုင်ငံရေးဆိုင်ရာ မှတ်တမ်းများ ပြပွဲမှာ KGBရဲ့ မှတ်တမ်းတွေကို ပြသထားပါတယ်။
ပူတင်ငယ်စဉ်က အလုပ်လုပ်ရာမှာစနစ်ကျမှုနဲ့ ရလဒ်ကောင်းတွေ အတွက် သူ့အထက်အရာရှိတွေရဲ့ ဂုဏ်ပြုထားတဲ့ စာတွေပါ ရရှိဖူးကြောင်း မှတ်တမ်းမှာ ရေးသားထားပါတယ်။
သမ္မတရာထူး နဲ့ ဝန်ကြီးချုပ်ရာထူးကို နှစ်ပေါင်း နှစ်ဆယ်လောက် တာဝန်ယူအပြီး ၂၀၁၆ ခုနှစ်မှာ ပူတင်က USSR ကွန်မြူနစ်ပါတီဝင်ကတ်ကို မြတ်နိုးတဲ့အတွက် သိမ်းဆည်းထားသေးကြောင်း ထုတ်ဖော်ပြောကြားပါတယ်။
MDN
ကိုးကား - AFP


