ရွာငံ  ၂၉ အောက်တိုဘာ

 

တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်၊ ရွာငံ-ဟန်မြင့်မိုရ်သွားကားလမ်း မိုင်တိုင်အမှတ်(၂၈/၃)တွင် တောင်ကြီး ဘက်မှ မောင်းနှင်လာသော Light Truck အမျိုးအစား (အဖြူရောင်) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ရှိ ချောက်ထဲသို့ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားကြောင်း အောက်တိုဘာ ၂၈ ရက် ည ၇ နာရီခွဲတွင် သတင်းရရှိသဖြင့် ရွာငံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျေးရွာသူ/ရွာသားများနှင့် ပူးပေါင်း၍ ယာဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်မှ ဒဏ်ရာရရှိသူ ကျား(၄)ဦးနှင့် မ(၃)ဦး (မစိုးရိမ်ရ)၊ ကျား(၂)ဦးနှင့်မ(၁)ဦး (စိုးရိမ်ရ)၊ သေဆုံးသူ ကျား(၃)ဦးနှင့် မ(၁၃)ဦးတို့အား သုခိတာ၊ သုခသင်္ဂတ၊ ဒူဝံလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်များဖြင့် ရွာငံပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

MDN