၃၀ အောက်တိုဘာ
ဆွီဒင်နိုင်ငံသူ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဂရက်တာသန်းဘတ်ခ်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုယူဖို့ အင်္ဂါနေ့က ငြင်းဆိုလိုက်ပါတယ်။
ဆယ်ကျော်သက်အရွယ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဂရက်တာသန်းဘတ်ခ်ရဲ့ အနာဂတ်အတွက် သောကြာနေ့ "Fridays for Future" လှုပ်ရှားမှုကို လူသန်းပေါင်းများစွာက ပါဝင်ခဲ့ရာ နော့ဒစ်ကောင်စီက ကြီးမှူးကျင်းပတဲ့ ဂုဏ်ပြုပြီး ဖြစ်ပါတယ်။
ဆွီဒင်နဲ့ နော်ဝေနိုင်ငံတွေမှာ သန်းဘတ်ခ်ရဲ့ကျိုးပမ်းမှုကို ဂုဏ်ပြုအနေနဲ့ ဆုပေးဖို့နာမည်စရင်တင်သွင်းခြင်းနဲ့ ဆုပေးခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆုပေးဖို့ ကြေညာအပြီး သန်းဘတ်ခ်က အဲဒီဆုကို လက်မခံနိုင်ကြောင်း ဆိုရှယ်မီဒီယာ အင်စတီဂရမ်ကနေ ပြောဆိုလိုက်ပါတယ်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအတွက် ဆုတွေ မလိုအပ်ပါဘူး။ နိုင်ငံရေးသမားနဲ့ လူထုက လက်ရှိအခြေအနေကို နားထောင်ဖို့လိုအပ်ကြောင်း ရေးသားထားပြီး။ အခုလို နော့ဒစ်ကောင်စီက ရွေးချယ်တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပါတယ်။
၂၀၁၈ ခုနှစ် က အသက် ၁၆ နှစ်သာ ရှိသေးတဲ့ သန်းဘတ်က သောကြာနေ့တိုင်း "School strike for climate" ဆိုတဲ့ စာသားကို ကိုင်ဆောင်ပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လက စပြီး ဆန္ဒပြခဲ့ပါတယ်။
MDN
ကိုးကား - AFP


