မြင်းခြံ  ၃၀  အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ရဲတိုင်ကျေးရွာတွင် ယနေ့ နံနက် နာရီ ၃၅ မိနစ်ခန့်က မီးကြွင်းမီးကျန်မှ တစ်ဆင့် နေအိမ်သို့ကူးစက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရဲတိုင်ကျေးရွာနေ ဦးဌေးမြင့်၏ နေအိမ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှ နေအိမ်ထရံသို့ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် ဦးပြေသန်း၏ နေအိမ်၊ ဦးညွန့်ထွန်း၏ နွားစာတဲတို့ကို ဆက်လက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

5+

မီးလောင်မှု ဖြစ်ပွားရာသို့ မြင်းခြံမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်()စီး၊ ရေ သယ်ယာဉ်()စီး၊ အဖြူရောင်လက်များ ပရဟိတအသင်းမှ အကူရေသယ်ယာဉ်()စီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ပြီး နံနက် နာရီ ၅၃ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် နေအိမ် နှစ်လုံးနှင့် နွားစာတဲ တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး မီးပေါ့ဆစွာသုံးစွဲသူ ဦးဌေးမြင့်အား မြင်းခြံနယ်မြေရဲ စခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဇော်မင်းနိုင်(မြင်းခြံ)