ရွှေဘို ၃၁ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် အမှတ်(၈) ရပ်ကွက် ရှိ ဂျပ်ဖာများ သိုလှောင်ထားသည့် ဂိုဒေါင်တစ်လုံးတွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ ကူးစက် မီးလောင်းကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာနမှူးရုံး မှ သိရသည်။

 

အောက်တိုဘာလ ၃၀ ရက်နေ့ ည ၇ နာရီ ကျော် အချိန်ခန့်မှ စတင်ကာ တစ်နာရီကျော် အကြာ လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် အနံပေ ၃၀ အလျား ပေ ၆၀  အမြင့် ၁၈ ပေ ရှိ ဂိုဒေါင်နှင့် ဂျက်ဖာများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာနမှူးရုံးမှ သိရသည်။

 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မီးစတင်လောင်ကျွမ်းခဲ့ရာတွင် နေထိုင်သူ ဦးစည်သူ (၃၃) နှစ် အား ရွှေဘိုမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လူအောင်(ကသာ)