ရေကြည် ၃၀ အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ရေသိုးကျေးရွာ ပုသိမ်-မုံရွာကားလမ်းမပေါ်တွင် ယမန်နေ့ညပိုင်းက မော်တော်ယာဉ်တစ်စီး စတီယာတိုင်(တိုင်ရော့) ပြုတ်ထွက်ကာ လမ်းဘေးထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အသုတ်မြို့ဘက်မှ ရေကြည်မြို့နယ်ဘက်သို့ ဝေယံထွဋ် မောင်းနှင်ပြီး ကားခေါင်းခန်းတွင် ဦးသန်းဝင်းနှင့် ဦးစိုးတင့်တို့ လိုက်ပါစီးနင်းလာသည့် ဖောကားခေါင်းရှည်မော်တော်ယာဉ်သည် ရေသိုးကျေးရွာ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၁၅/၄)နှင့်(၁၅/၅)ကြားအရောက်တွင် စတီယာတိုင် (တိုင်ရော့) ပြုတ်ထွက်ကာ လမ်း၏ဝဲဘက်ခြမ်းရှိ ကျွန်းပင်အားဝင်တိုက်မိပြီး လိုက်ပါစီးနင်းလာသော ဦးသန်းဝင်းနှင့် ဦးစိုးတင့်တို့မှာ ထိခိုက်ဒဏ်ရာများရရှိကာ ခေါင်းခန်းအတွင်း ညပ်နေကြောင်း သိရသည်။

 

 

အဆိုပါ ကားခေါင်းခန်းအတွင်း ညပ်နေသူ(၂)ဦးအား ရေကြည်မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကာ ရေကြည်မြို့ ပြည်သူ့ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

 

 

အောင်သူဟန် ( ပြန်/ဆက် )