ရေနံချောင်း ၁၄ မတ်
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါဦးစီးဌာန လုထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်နန္ဒာလှိုင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ စာဖတ်ဝိုင်းဆွေးနွေးနိုင်ရန် စာအုပ်များကို ကြိုတင်ပေး ဝေထားကြောင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို တစ်လတစ်ကြိမ်ပြုလုပ်မည်ဖြစ်ပြီး စာပေဝါသနာရှင်များနှင့် စိတ်ပါ ဝင်စားသူများတက်ရောက်နိုင်ကြောင်း ပြောကြားခဲ့သည်။
ရေနံချောင်းမြို့နယ် စာရေးဆရာများနှင့် စာပေချစ်သူများဖြစ်သော ဦးကျော်ဆန်းလင်း ဦးဆောင်ကာ ဦးတင်ထွန်း(ဖန်မီးအိမ်)၊ တူးတူး(နဂါးကုန်း)၊ ကိုဝေလင်း(နံ့သာမြေကိုလင်း)၊ ကိုဇော်ဝင်း၊ ဦးနေဝင်းနိုင်၊ ဦးဆန်းညွှန့် (သတင်းထောက်) တို့ပါဝင်၍ စာရေးဆရာ ဖေမြင့် ရေးသားသော စဉ်းစားခြင်း စာအုပ်မှ စဉ်းစားခြင်း ဆိုင်ရာ နည်းနာ၊ စဉ်းစားစရာပြဿနာနှင့် အကျပ်အတည်းကြားမှာ စဉ်းစားကြံဆတတ်သူတို့ အကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး


